The emperor's strategy

 The Emperor's Strategy(2018)
Diwang Gonglue(2018)
Episodes - 20
Status - Finished Airing
Genres - Adventure, Mystery, Historical, Drama, Martial Arts, Shounen
Duration - 17 min. per ep.
Rating PG-13 - Teens 13 or older
The emperor's strategy
ဧကရာဇ်ရဲ့ မဟာဗျူဟာ
BLမို့ BLဆိုတာနဲ့ကို လက်မခံနိုင်သူများ ကျော်ကြည့်ကြပါ။
ဒီဟာကို ဆန္ဒပြနေတဲ့Fujoshiတွေအတွက် အားတစ်ခုဖြစ်အောင်ရည်ရွယ်ပြီးတင်ပေးတာဖြစ်ပါတယ်။
နန်းတွေအရှုပ်တော်ပုံတွေ၊နိုင်ငံရေးအရှုပ်တော်ပုံဖြေရှင်းခန်းတွေပါတာမလို့ ပညာတော့ရမှာပါ။
ရီဗျူးအနေ နဲ့ကတော့
________________________
ချူယွမ် ဆိုတာ ချူတိုင်းပြည်ရဲ့ ဘုရင်မင်းမြတ် အသစ်စက်စက်လေးပါ။ ဒါပေါ့၊ ဒီနန်း ဒီပလ္လင်ကို ရဖို့ဆိုတာ ထိုက်တန်ရဲ့လားလို့ သွေးစမ်းနေတဲ့ မှူးကြီးမတ်ရာတွေ ရှိသလို သူ့ကို နန်းချဖို့ ချောင်းနေတဲ့ ငယ်ငယ်က ရန်စလေးကလည်း တဖက်မှာ ရှိနေပါသေးတယ်။
သွမ့်ပိုင်ယွဲ့ ဆိုတဲ့ ရှီနန်နယ်စားနဲ့ အသက် ၆ နှစ်မှာ တွေ့ဖို့အကြောင်းဖန်လာတဲ့ အချိန်က စလို့ ချူယွမ် ဟာ သွမ့်ပိုင်ယွဲ့ ကို အားကိုးယုံကြည် (မေတ္တာရှိ-အဟွတ်) ပေမယ့် ရာဇအိန္ဒြေကလည်း ဆယ်ရတော့ ခပ်တန်းတန်းပဲ နေနေခဲ့ပါတယ်။
သွမ့်ပိုင်ယွဲ့ ကလည်း ဆယ်ရက်ကြာတဲ့ ခရီးစဉ်ကို တခါတရံ ချူယွမ်ကို ကြည့်မြင်လိုစိတ် သက်သက်ရယ်အတွက်တည်းနဲ့ တစ်ကိုယ်တည်း နန်းမြို့တော်ကို ဝင်ထွက်နေပါသေးတယ်။
အသက်၁၈နှစ်နဲ့ နန်းရခဲ့တဲ့ ချူယွမ် ဘုရင်ဟာ တိုင်းပြည်ရေးရာ ကို ရှောင်‌ဖယ်နေလို့ မရတော့ပါဘူး။ ဒါပေမယ့်လည်း သူဆုံးဖြတ်ရမယ့် ကိစ္စတိုင်းဟာ တစ်ကွက်မှားတာနဲ့ အစားခံရတော့မယ့် စစ်တုရင်ခုံ လိုပါပဲ။
တိုင်းပြည်ရေးရာ စစ်တုရင်ခုံမှာ
ချူယွမ် ဆိုတဲ့ ဘုရင်က ဘယ်လို ကစားကွက်တွေ ခင်းမလဲ၊ သွမ့်ပိုင်ယွဲ့ ဆိုတဲ့ ဘုရင်မ ကရော ဘယ်လိုတွေ ပံ့ပိုးကာကွယ်ပေးမလဲ ဆိုတာကို မထိတရိ အရိုပါးပါးလေးတွေနဲ့ ခပ်ထေ့ထေ့ ဟာသလေးတွေ စွက်ပြီး တိုင်းရေးပြည်ရာ နယ်ရုပ်လှည့်ကွက်အဖြာဖြာကို ကြည့်ရှူရမှာပါ။
ကာရိုက်တာ အရပြောရရင်
ချူယွမ်ကတော့ ဘုရင်ဆိုတော့ ဘုရင် သိက္ခာကြီး အတောင့်လိုက်နဲ့ပေါ့နော်၊ ဉာဏ်ထက်သလို လူငယ်ဆိုပေမယ့် ပြတ်သား‌ စေ့စပ်သေချာပြီး ချောပါတယ်
သွမ့်ပိုင်ယွဲ့ကတော့ သိုင်းပညာကျွမ်းကျင်ပြီး ရုပ်က ခပ်တည်တည်ရှိပေမယ့် အတည်ပေါက်နဲ့ ထထဖောက်တဲ့ သူပါ။ ဟာသဉာဏ်ရှိသလို နိုင်ငံရေးလှည့်ကွက်တွေလည်း ပိပိရိရိ ခင်းပြီး ဘုရင်မင်းမြတ်ကို အသံတိတ်ကူညီနေသူပါ။ ဘုရင်ထိရင်တော့ ဓားကြည့်ပါပဲ
Support characters တွေ မြိုင်မြိုင်ဆိုင်ဆိုင်လည်း ရှိတယ်။ နန်းတွင်း တိုင်းရေးပြည်ရေး ဇာတ်လမ်းဆိုတော့ နှုတ်ခမ်းမွှေးနဲ့ အမတ်အိုတွေပဲရှိမယ်မထင်ပါနဲ့ စစ်သူကြီး အချောတွေပါပါတယ်။
ချူယွမ်နဲ့ သွမ့်ပိုင်ယွဲ့ ခံစားချက်ရှိရက်နဲ့ ဘာလို့ ခပ်တန်းတန်း နေနေကြတာလဲ။ ချူယွမ်ကရော သွမ့်ပိုင်ယွဲ့အကြောင်း သေချာသိရဲ့လား။ သွမ့်ပိုင်ယွဲ့ကရော ချူယွမ်ကို ပလ္လင်ခိုင်ဖို့ ကူညီပေးရင်းနဲ့ပဲ ခံစားချက်တေ မျိုသိပ်ထားတော့မှာလား။
ဘာသာပြန်တဲ့သူလည်း ကြည့်လို့မပြီးသေးတာမို့ အတူအဖြေရှာကြပါမယ်။
Donghua မှာ ညားသွားလားမမေးကြပါနဲ့။ ပေါက်စီဥပဒေက ကန့်လန့်ကန့်လန့်ခံနေတော့ ညားခန်းသိချင်ရင် novel ပြေးဖတ်ပါ
အပေါ်မှာပြောထားသလိုပဲ ဘာသာပြန်တဲ့သူလည်း အဆုံးထိ မကြည့်ရသေးလို့ Donghua ending တော့ မသိသေးပါ
-Neko(chue)-
Min Phyo Zinရဲ့ကြောင်မလေး
_________________________________

Link Collection

Episode 1 (Mega) Episode 2 (Mega) Episode 3 (Mega) Episode 4 (Mega) Episode 5 (Mega) Episode 6 (Mega) Episode 7 (Mega) Episode 8 (Mega) Episode 9 (Mega) Episode 10 (Mega) Episode 11 (Mega) Episode 12 (Mega)
_________________________________




Post a Comment

0 Comments